ဥက္ကဋ္ဌ၏ အမှာစကား

ကျွန်ုပ်တို့၏ရည်မှန်းချက်

ကမ္ဘာပေါ်တွင် တိုးတက်မှုအမြန်ဆုံး MOBILE SPACE ထုတ်လုပ်သူ ဖြစ်လာစေရန်။

၁၉၆၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ချိန်မှစ၍ Sankyo Frontier သည် ဂျပန်နိုင်ငံ၏ ထိပ်တန်း Modular အဆောက်အအုံ ထုတ်လုပ်သူဖြစ်ပါသည်။ ကျွန်ုပ်တို့သည် တီထွင်ကြံဆမှုများအတွက် စဉ်ဆက်မပြတ် ကြိုးစားလျက်ရှိပြီး လူ့အဖွဲ့အစည်းအား အကျိုးပြုစေရန် ဖောက်သည်များ၏ စိတ်ကူးယဉ် အဆောက်အအုံကို လက်တွေ့အကောင်အထည်ဖော်၍ ကမ္ဘာပေါ်တွင် တိုးတက်ပြောင်းလဲမှု အမြန်ဆုံးဖြစ်သည့် Mobile Space ထုတ်လုပ်သူဖြစ်လာရန် ကြိုးပမ်းလျက်ရှိပါသည်။

ကျွန်ုပ်တို့၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် ပြည်တွင်းကွန်ရက် အားကောင်းလာအောင်နှင့် ကမ္ဘာ့အဆင့်မီ ကုန်ထုတ်လုပ်မှုစွမ်းရည်များ တိုးတက်လာအောင် ကြိုးပမ်းလျက်ရှိပါသည်။ ဤကြိုးပမ်းလုပ်ဆောင်မှုများသည် ကျွန်ုပ်တို့၏ ကမ္ဘာအနှံ့ဈေးကွက် ချဲ့ထွင်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်လာမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ “သယံဇာတပြန်လည်အသုံးချခြင်း” လုပ်ငန်းပုံစံနှင့် ခတ်မီဆောက်လုပ်ရေး နည်းပညာတို့ကို ကျောထောက်နောက်ခံပြု၍ ကျွန်ုပ်တို့သည် ကမ္ဘာလုံးဆိုင်ရာ လူ့အဖွဲ့အစည်းကို အထောက်အကူပြုနိုင်ရန်နှင့် ပတ်ဝန်းကျင်အပေါ် အကျိုးရှိစေရန် ကြိုးပမ်းလျက်ရှိပါသည်။

ကျွန်ုပ်တို့ အဆောက်အအုံ၏ ဖွဲ့စည်းတည်ဆောက်ပုံတိုင်းသည် မြင့်မားပြီးကျယ်ဝန်းကာ အနုပညာမြောက် လက်ရာဖြစ်စေရန် ရည်ရွယ်ပါသည်။ စက်မှုလုပ်ငန်းနှင့် Modular အဆောက်အအုံများ ထွန်းကားလာသည်နှင့်အမျှ ကျွန်ုပ်တို့ ပြုလုပ်ဖန်တီးသည့် အဆောက်အအုံတိုင်းသည် အလွယ်တကူ ရွှေ့ပြောင်းနိုင်ပြီး အနေအထားပေါ်လိုက်၍ ပြုပြင်ပြောင်းလဲနိုင်စေရန် ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့၏ Modular အဆောက်အအုံများကို အချိန်တိုအတွင်း မည်သည့်နေရာတွင်မဆို ဖြုတ်တပ်ဆင်နိုင်ပါသည်။ ထို့ကြောင့်လည်း ၎င်းကို “Mobile Space” ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့သည် လိုအပ်ချက်မျိုးစုံ အထူးသဖြင့် အချိန်တိုအတွင်း အသုံးပြုရန် ယာယီအဆောက်အအုံ၊ နေရာ လိုအပ်ချက်များအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သဖြင့် ဂုဏ်ယူမိပါသည်။

Takatsugu Nagatsuma

ဥက္ကဌ

ဖောက်သည်များ၏ စိတ်ကူးယဉ်ကုန်ပစ္စည်းများကို အကောင်အထည်ဖော်နိုင်ရန် ကျွန်ုပ်တို့၏ထုတ်ကုန်များသည် နေထိုင်ခြင်း၊ အလုပ်လုပ်ခြင်းတို့နှင့် ပတ်သက်သည့် ပြဿနာများ လိုအပ်ချက်များကို ဖြေရှင်းနိုင်ရန်နှင့် အချိန်တိုအတွင်း ဆောက်လုပ်ပြီးစီးနိုင်ရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ Modular အဆောက်အအုံများကို လုံခြုံပြီး မြန်ဆန်စွာဆောက်လုပ်နိုင်ရန် ဒီဇိုင်းဆွဲထားသည့်အတွက် သဲကန္တာရဖြစ်စေ၊ ဝန်ရိုးစွန်းဒေသဖြစ်စေ၊ နောင်တစ်ချိန် လကမ္ဘာတွင်ဖြစ်စေ မည်သည့်နေရာဒေသတွင်မဆို ဆောက်လုပ်နိုင်အောင် ပြုလုပ်ထားပါသည်။ ကျွန်ုပ်တို့ “Mobile Space” ၏ စွမ်းဆောင်နိုင်မှုများသည် ရှေးရိုးစွဲ ဆောက်လုပ်ရေးလုပ်ငန်း ကန့်သတ်ချက်များကို ဖယ်ရှားပေးနိုင်ခဲ့ပြီး အနာဂတ်အတွက် အလားအလာကောင်းသည့် ရလဒ်များကို ဖော်ဆောင်ပေးနိုင်ခဲ့ပါသည်။

ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ လူ့အဖွဲ့အစည်းများကို ကူညီထောက်ပံ့နိုင်ရန်နှင့် ပတ်ဝန်းကျင်အပေါ် ကောင်းကျိုးသက်ရောက်မှုရှိစေရန် ကြိုးစားလျက်ရှိပါသည်။

ရှေ့ဆောင်လမ်းပြကုမ္ပဏီအဖြစ် ရောက်ရှိရန်မှာ ကျွန်ုပ်တို့ ကုမ္ပဏီ၏ ရည်မှန်းချက်ဖြစ်ပြီး “FRONTIER” ဆိုသောစကားလုံးကို ကုမ္ပဏီနာမည်တွင် ဂုဏ်ယူစွာဖြင့် ထည့်သွင်းအသုံးပြုထားပါသည်။

တစ်ဦးတစ်ယောက် စွမ်းရည်ဖြင့် မလုပ်ဆောင်နိုင်သော ရည်မှန်းချက် အိမ်မက်တို့ကို အဖွဲ့အစည်းတစ်ခု၏ အင်အားဖြင့် အကောင်အထည်ဖော်နိုင်မည်ကို ကျွန်ုပ်တို့ယုံကြည်ပါသည်။ ထို့ကြောင့် Sankyo Frontier ရှိဝန်ထမ်းများသည် အချင်းချင်း၏ အားသာချက်၊ အားနည်းချက်များကို နားလည်သဘောပေါက်ကာ အတူတကွ ပူးပေါင်းလုပ်ကိုင်ကြပါသည်။ ထိုသို့ အချင်းချင်း နားလည်ပေးခြင်းဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရင်း ကျွန်ုပ်တို့၏ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ကြိုးစားလုပ်ဆောင်သွားရမည်ဖြစ်ပါသည်။

စွန့်စားလိုသောစိတ်ဓာတ်၊ တိုးတက်လိုသော စိတ်ဆန္ဒတို့ကြောင့် တစ်နေ့တွင် ကျွန်ုပ်တို့၏ တီထွင်မှုများကို တစ်ကမ္ဘာလုံးနှင့် မျှဝေပေးနိုင်မည့် အခွင့်အရေးကို ရရှိလိမ့်မည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ ဤနည်းဖြင့် အများပြည်သူ၏ ယုံကြည်အားကိုးသူဖြစ်လာပြီး “Frontier” ဆိုသည့်စကားလုံးနှင့် ထိုက်တန်သူဖြစ်လာမည်ဖြစ်ပါသည်။

Request Catalogue

Thank you for your interest in our products. Please fill in your details and the links to the requested catalogue will be provided.

ကတလောက်တောင်းခံရန် လျှောက်လွှာဖောင်

ကျွန်ုပ်တို့၏ ကုန်ပစ္စည်းများကို စိတ်ဝင်စားသည့်အတွက် ကျေးဇူးတင်ရှိပါသည်။ လိုအပ်သည့် အသေးစိတ် အချက်အလက်များကို ဖြည့်စွက်ပေးပြီးနောက် သင်တောင်းခံထားသော ကတ်တလောက် ကို သင်၏အီးမေးလ်သို့ ပေးပို့သွားပါမည်။