သီလဝါ စက်မှုဇုံရှိ စက်ရုံ

ရန်ကုန်မြို့လယ်နှင့် တစ်နာရီနီးပါးသာ ကွာဝေးပြီး ၁.၈ ဟတ်တာ ကျယ်ဝန်းသည့် သီလဝါ စက်မှုဇုံရှိ စက်ရုံတွင် မော်ဂျူလာ ယာယီ အဆောက်အအုံများနှင့် သိုလှောင်ရုံများကို ကြိုတင်တပ်ဆင်၍ ပို့ဆောင်ပေးမှာဖြစ်ပါသည်။ ကျွန်ုပ်တို့၏ Mobile Space နှင့် ပတ်သက်သည့် ဖြေရှင်းလုပ်ဆောင်ချက်များနှင့် ယာယီအဆောက်အအုံများသည် သင်တို့၏ လုပ်ငန်းလုပ်ကိုင်ပုံအား မည်သို့ တိုးတက်လာအောင် ပြုလုပ်ပေးနိုင်သည်ကို လေ့လာကြည့်ကြရအောင်။

သီလဝါ စက်မှုဇုံရှိ စက်ရုံ

ရန်ကုန်မြို့လယ်နှင့် တစ်နာရီနီးပါးသာ ကွာဝေးပြီး ၁.၈ ဟတ်တာ ကျယ်ဝန်းသည့် သီလဝါ စက်မှုဇုံရှိ စက်ရုံတွင် မော်ဂျူလာ ယာယီ အဆောက်အအုံများနှင့် သိုလှောင်ရုံများကို ကြိုတင်တပ်ဆင်၍ ပို့ဆောင်ပေးမှာဖြစ်ပါသည်။ ကျွန်ုပ်တို့၏ Mobile Space နှင့် ပတ်သက်သည့် ဖြေရှင်းလုပ်ဆောင်ချက်များနှင့် ယာယီအဆောက်အအုံများသည် သင်တို့၏ လုပ်ငန်းလုပ်ကိုင်ပုံအား မည်သို့ တိုးတက်လာအောင် ပြုလုပ်ပေးနိုင်သည်ကို လေ့လာကြည့်ကြရအောင်။

အရှေ့တောင်အာရှအတွက် Modular Space ၏ လုပ်ဆောင်ဖြေရှင်းချက်များ

ကျွန်တော်တို့၏ လုပ်ဆောင်ချက်များကို တွေ့ကြုံခံစားလိုက်ပါ။

အကာအကွယ်ပြည့်ဝစွာပေးနိုင်ရန် သံမဏိနှင့် ပြုလုပ်ထားသည့် သိုလှောင်ရုံများမှအစ လူနေဆောင်နှင့် အရောင်းပြခန်းသုံး ယာယီအဆောက်အအုံများအထိပါ ကျွန်ုပ်တို့ သီလဝါစက်မှုဇုံရှိ စက်ရုံသည် သင်တို့၏ လိုအပ်ချက်အတိုင်း ပြုလုပ်ဆောင်ရွက်ပေးနိုင်ပါသည်။

CT-J Modular အဆောက်အအုံ

The Gorilla ပစ္စည်းသိုလှောင်သည့် အဆောက်အအုံ

CT-J Modular အဆောက်အအုံ

The Gorilla ပစ္စည်းသိုလှောင်သည့် အဆောက်အအုံ

ကျွန်တော်တို့၏ စက်ရုံနှင့် အရောင်းပြခန်းကို လာရောက်ကြည့်ရှုရန်။

Modular အဆောက်အအုံ၏ အားသာချက်များ

ခိုင်ခံ့ခြင်း

မီးဒဏ်နှင့် သဘာဝဘေးဒဏ်များကို ခံနိုင်ရည်ရှိအောင် ဆောက်လုပ်ပါသည်။

လိုက်လျော ညီထွေမှုရှိခြင်း

ပြန်လည်တပ်ဆင်အသုံးပြုနိုင်သည့်အပြင် တစ်ရက်ချင်းစီလည်း ငှားရမ်းနိုင်ပါသည်။

မြန်ဆန်ခြင်း

အရည်အသွေး တိကျမှန်ကန်မှုရှိပြီး တပ်ဆင်ဆောက်လုပ်မှု အတွက် အချိန်ကုန်မှုကို ၅၀% အထိ လျော့ချပေးနိုင်ပါသည်။

လုံခြုံစိတ်ချရခြင်း

လူအင်အား အနည်းငယ်ဖြင့် လွယ်ကူစွာ တပ်ဆင်နိုင်ပြီး အန္တရာယ် ဖြစ်နိုင်မှုကိုလည်း လျော့နည်းစေပါသည်။

ပတ်ဝန်းကျင်အတွက် သဟဇာတဖြစ်ခြင်း

ပြန်လည်အသုံးပြုနိုင်သည့် ကုန်ပစ္စည်းများကို အသုံးပြု၍ ထုတ်လုပ်ထားသည့် အတွက် စွန့်ပစ်ထားသည်များကိုလည်း ပြန်လည် အသုံးပြု နိုင်ပါသည်။

မိတ်ဆွေတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် အဖွဲ့သားများ

မြန်မာနိုင်ငံရှိ ပြည်သူများ၏ လူနေမှုဘဝကို မြှင့်တင်ပေးနိုင်မည့် ကုမ္ပဏီဖြစ်လာရန်နှင့် ကျွန်တော်တို့၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိနိုင်ရန် လုပ်ကိုင်ရည်ရှိကာ စိတ်အားထက်သန်ပြီး မနားမနေ ကြိုးစားအားထုတ်ပေးနိုင်မည့် အဖွဲ့သားများဖြင့် ရှေးဦးစွာ ဖွဲ့စည်းရမည်ဖြစ်ပါသည်။

Sankyo Frontier ၏ အကြောင်း

၁၉၆၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ၏ ထိပ်တန်း Modular Space ထုတ်လုပ်ဖြန့်ချိသူဖြစ်သည်။ အစောပိုင်း ကနဦးအချိန်တွင်ပင် ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွက် ရေချိုးကန်များနှင့် နှစ်ထပ်ကားပါကင် အဆောက်အအုံ စနစ်တို့ကို ဈေးကွက်တွင် ဦးစွာလုပ်ဆောင်ခဲ့သူဖြစ်သည်။

၁၉၇၃ ခုနှစ်တွင် Modular ယာယီရုံးဖြင့် စတင်ခဲ့ချိန်မှစ၍ ကျွန်တော်တို့သည် Modular အဆောက်အအုံ လုပ်ငန်းကဏ္ဍတွင် ထိပ်တန်းမှ အစဉ်ရပ်တည်ခဲ့ပါသည်။ ယခုအချိန်တွင် ဂျပန်၊ တရုတ်၊ မြန်မာ၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံတို့တွင် လုပ်ကိုင်နေသည့်အပြင် ဂျပန်နိုင်ငံရှိခရိုင်၊ မြို့နယ်အနှံ့တွင်လည်း အရောင်းပြခန်းများကို ဖွင့်လှစ်ထားရှိပါသည်။

တီထွင်ဖန်တီးကြံဆနိုင်ရန် အခွင့်အလမ်းများ ရှိလာသည်နှင့်အမျှ စိန်ခေါ်မှုများလည်း တွေ့ကြုံလာရသည်။ ဝန်ထမ်းများ၊ လူ့အဖွဲ့အစည်းများနှင့် ပတ်ဝန်းကျင်တို့ အပေါ်သမာဓိရှိခြင်းနှင့် ဂရုဏာထားရှိခြင်းတို့သည် ကျွန်တော်တို့ လုပ်ငန်းအလေ့အထများ၏ အခြေခံအုတ်မြစ်ဖြစ်သည်။